Covid ရောဂါပိုးကူးစက်မူကိုကာကွယ်ရန် Mask ကိုစနစ်တကျဘယ်လိုတပ်ဆင်ကြမလဲ

ကိုဗစ်ရောဂါပိုးဟာ လူတစ်ဦးချင်း ထိတွေ့ဆက်ဆံရာမှ ကူးစက်တတ်ရုံသာမကဘဲ အသက်ရှူလမ်းကြောင်းထဲကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကတစ်ဆင့်လည်း ကူးစက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အတည်ပြုထားပြီးဖြစ်တာကြောင့် မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကာကွယ်ဖို့ Mask တွေ၊ Face Shield တွေ တပ်ဖို့လိုအပ်တာဖြစ်ပါတယ်။ Mask တပ်တဲ့နေရာမှာလည်း နည်းမှန်၊ လမ်းမှန် တပ်ဖို့လိုအပ်တာကြောင့် Mask တပ်နည်း အမှန်နဲ့အမှားများကို ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။