Coronavirus ကူးစက်မူလက်ရှိအခြေအနေတစ်ခုအတွင်းမှာ ကျန်းမာသည့်စားသောက်မူပုံစံတွေက ဘာတွေဖြစ်နိုင်မလဲ

သတ္တုဓါတ်မျိုးစုံပြည့်ဝသော အစားအစာ စားသောက်မူအပြင် ခန္ဓာကိုယ်၏ ရေဓါတ်ပြည့်ဝခြင်းကလည်း လက်ရှိအခြေအနေအတွက် အကောင်းဆုံးကာကွယ်ပေးနိုင်သည့် အရေးကြီးသောအချက်များပင်ဖြစ်ပါသည်။
အာဟာရမျှတစွာ စားသောက်နေထိုင်သောသူများသည် ကိုယ်ခံအားစနစ်ပိုမိုအားကောင်းစေပြီး နာတာရှည်ရောဂါများနှင့် အတူ ကူးစက်လွယ်ရောဂါများကိုပါ ပိိုမု၍ကာကွယ်နိုင်သည်မှာကျန်းမာရေးဆောင်းပါးများအရ လေ့လာသိရှိပြီးဖြစ်သည်။
ထို့အပြင် မိမိတို့ခန္ဓာကိုယ်အတွင်းလိုအပ်သည့် ဗီတာမင် ၊ ဓါတ်သတ္တူ၊ ပရိုတင်း ၊ Fiber နှင့် Antioxidant စသည့် အာဟာရဓါတ်များအားနေ့စဉ်နေ့တိုင်းလက်ဆက်သည့်စားသောက်မူပုံစံတွေမှတဆင့် ပြုလုပ်စားသုံးခြင်းဖြင့်ရရှိနိုင်ပါသည်။

အထူးရှောင်ရှားရန်မှာ အဆင့်သင့်ပြုလုပ်ထားသော Processed foods များကိုအတတ်နိုင်ဆုံးရှောင်ရမည်ဖြစ်ပြီး အရေးကြီးသည့်အချက်တစ်ချက်အနေဖြင့်လည်း ရေကို တနေ့တာပမာဏအားဖြင့်  လုံလောက်စွာ သောက်သုံးရန် လိုအပ်ပါသည်။

ကျန်းမာသည့် စားသောက်နေထိုင်မူမှတဆင့် ဤအခြေအနေကြီးမှအကောင်းဆုံးကျော်လွှားကြရအောင်ပါ။