K.T.Z ဝန်ထမ်းများအတွက် ရှားပါးစရိတ်ထောက်ပံ့ခြင်း

ယခုလက်ရှိဖြစ်ပေါ်နေသောကုန်ဈေးနှုန်းမတည်ငြိမ်မှုကာလအတွင်း K.T.Z Company Limited အနေနှင့် တစ်နိုင်ငံလုံးရှိ K.T.Z ဝန်ထမ်းများအတွက်အခြေခံလိုအပ်သော ဆန်၊ဆီ၊စက်သုံးဆီ စသည်တို့ဝယ်ယူရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ရစေခြင်းအလို့ငှါ ရှားပါးစရိတ်အနေဖြင့် ဝန်ထမ်းတစ်ဦးလျှင် ၁၀၀,၀၀၀ ကျပ် (ငွေကျပ်တစ်သိန်း) နှုန်း ဝန်ထမ်း ၆၀၀ ကျော်ကိုယခုလမှစ၍နှစ်ကုန်အထိ လစဥ်ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
အခက်အခဲ အမျိုးမျိုးကြားမှလုပ်ငန်းတာဝန်များကိုအတူတကွကြိုးစားလုပ်ဆောင်ပေးနေကြသော K.T.Z ဝန်ထမ်းများအားလုံးကို Management မှ ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားလိုပါသည်။